ရှင်ပြန်/ထမြောက်တော်မူခြင်း
16
ဥပုသ်နေ့/လွန်/သောအခါ မာဂဒလမာရိ၊ ရှာလုံ/နှင့် ယာကုပ်/မိခင်/မာရိ/တို့/သည် ယေရှု/၏ အလောင်းတော်/ကို လိမ်း/ရန် အမွှေးနံ့သာများ/ကို ဝယ်ယူကြ၏။ 2 တနင်္ဂနွေနေ့/နံနက်/စောစောa နေထွက်ချိန်/၌ သူတို့/သည် သင်္ချိုင်းဂူ/သို့ သွားကြ၏။ 3 လမ်း/တွင် သူတို့/က “ဂူဝ/၌ ရှိသော/ကျောက်တုံး/ကို မည်သူ/လှိမ့်ဖယ်ပေးမည်နည်း” ဟု အချင်းချင်း/ပြောဆိုကြ၏။ 4 သို့သော် သူတို့/ရောက်/၍ ကြည့်/သောအခါ ထို/အလွန်/ကြီးမားသော ကျောက်တုံး/မှာ ဘေးဘက်/သို့ လှိမ့်ဖယ်ထားပြီး/ဖြစ်သည်/ကို တွေ့ကြ၏။5 ထို့နောက် သူတို့/သည် သင်္ချိုင်းဂူ/ထဲသို့ ဝင်ကြ/ရာ ဝတ်ရုံ/ဖြူ/ကို ဝတ်ထားသော/လူငယ်/တစ်ဦး/သည် လက်ယာဘက်/၌ ထိုင်နေသည်/ကို တွေ့မြင်/သဖြင့် ထိတ်လန့်ကြ၏။ 6 သို့သော် ထို/သူ/က “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်/ပေါ်တွင် အသတ်ခံရသည့်/နာဇရက်မြို့သား/ယေရှု/ကို ရှာနေကြသည် မဟုတ်လော။ ထို/အရှင်/သည် ဤ/နေရာ/တွင် မရှိပါ။ သေခြင်း/မှ ရှင်ပြန်/ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤ/နေရာ/သည် အလောင်းတော်/ထားသည့် နေရာ/ဖြစ်၏။ 7 ယခု သင်တို့/သည် ပေတရု အပါအဝင်၊ တပည့်တော်တို့/ထံသို့ သွား/၍ ‘ယေရှု/သည် သင်တို့/ထက်/ဦးစွာ ဂါလိလဲပြည်/သို့ ကြွတော်မူမည်။ အသေခံတော်/မမူမီ မိန့်တော်မူသည့်/အတိုင်း သင်တို့/သည် သူ့/ကို ထို/နေရာ/၌ တွေ့မြင်ကြရ/လိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
8 ထိုအခါ အမျိုးသမီးတို့/သည် ကြောက်ရွံ့တုန်လှုပ်/၍ မိန်းမောတွေဝေ/လျက် သင်္ချိုင်းဂူ/မှ ပြေးထွက်လာကြ၏။ သူတို့/သည် ကြောက်ရွံနေ/သောကြောင့် မည်သူ့/ကိုမျှ စကား/မပြောဘဲ/နေကြ၏။b
9 တနင်္ဂနွေနေ့/နံနက်/စောစော/အချိန်/၌ ယေရှု/သည် သေခြင်း/မှ ရှင်ပြန်/ထမြောက်တော်မူ/ပြီးနောက် ဦးစွာ မာဂဒလမာရိ/ကို ကိုယ်ထင်ပြတော်မူ၏။ ထို/မာရိ/မှာ ယေရှု နတ်ဆိုး/ခုနစ်ကောင် နှင်ထုတ်ပေးတော်မူ/ခဲ့ဖူးသည့်သူ/ဖြစ်၏။ 10 ဝမ်းနည်းပူဆွေး/၍ ငိုကြွေးနေသော/တပည့်တော်တို့/ထံသို့ မာဂဒလမာရိ/သည် သွား/၍ ထို/အဖြစ်အပျက်/ကို ပြောပြလေ၏။ 11 သို့သော် ယေရှု အသက်ရှင်/လျက်/ရှိတော်မူကြောင်း/နှင့် မာရိ/ကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း ကြား/သောအခါ သူတို့/သည် မယုံကြည်ကြချေ။
12 ထို့နောက် တပည့်တော်/နှစ်ဦး/သည် တောရွာ/သို့ လမ်းလျှောက်/၍ သွားနေကြ/စဉ် ယေရှု/သည် ခြားနားသော/အသွင်/ဖြင့် သူတို့/ကို ကိုယ်ထင်ပြတော်မူ၏။ 13 သူတို့/သည် ပြန်လာ/၍ ထို/သတင်း/ကို အခြားသော/တပည့်တော်တို့/အား ပြောပြကြ၏။ သို့သော် မည်သူမျှ/မယုံကြည်ကြချေ။
14 ထို့နောက် တပည့်တော်/ဆယ့်တစ်ပါးတို့/သည် အစာ/သုံးဆောင်နေကြ/စဉ်c ယေရှု/သည် သူတို့/အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်း/မှ ရှင်ပြန်/ထမြောက်တော်မူ/ပြီးနောက် မိမိ/အား ကိုယ်တိုင်/တွေ့မြင်ကြသော သူတို့/၏/စကား/ကို မယုံဘဲ ခေါင်းမာ/လျက် ငြင်းပယ်ကြသော ထို/တပည့်တော်/ဆယ့်တစ်ပါးတို့/ကို ယေရှု/သည် ပြစ်တင်/ဆုံးမတော်မူ၏။
15 ထို့နောက် ယေရှု/က “ကမ္ဘာ/အရပ်ရပ်/သို့ သင်တို့/သွား/၍ လူအပေါင်းတို့/ကို သတင်းကောင်း ဟောပြောကြလော့။ 16 ယုံကြည်/၍ နှစ်ခြင်းမင်္ဂလာ ခံယူသော/သူတို့/သည် ကယ်တင်တော်မူ/ခံရမည်။ သို့သော် ယုံကြည်/ရန် ငြင်းဆိုသော/သူတို့/သည် အပြစ်စီရင်တော်မူ/ခံရမည်။ 17 ယုံကြည်သော/သူတို့/သည် နိမိတ်/လက္ခဏာများ/ကို ပြသကြ/လိမ့်မည်။ သူတို့/သည် ငါ/၏/အမည်/နာမ/ကို အမှီပြု/၍ နတ်ဆိုးများ/ကို နှင်ထုတ်ကြ/လိမ့်မည်။ အသစ်သော/ဘာသာစကားများ/ကို ပြောကြ/လိမ့်မည်။ 18 မြွေဆိုးများ/ကို ကိုင်ဖမ်း/သော်လည်း ဘေးအန္တရာယ်/ကင်းကြ/လိမ့်မည်။ သေစေတတ်သော/အဆိပ်/ကို သောက်မိ/သော်လည်း ဘေးအန္တရာယ်/ကင်းကြ/လိမ့်မည်။ ဖျားနာသူများ/အပေါ်/၌ လက်/ကို တင်/၍ ကျန်းမာစေကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
19 ယေရှု/သည် တပည့်တော်တို့/ကို ထိုသို့/မိန့်တော်မူပြီး/သောအခါ ကောင်းကင်/သို့ ဆောင်ယူခြင်း/ကို/ခံတော်မူ/၍ ဘုရားသခင်/၏ လက်ယာတော်ဘက်/၌ ထိုင်တော်မူ၏။ 20 ထို့နောက် တပည့်တော်တို့/သည်လည်း အရပ်ရပ်/သို့ သွား/၍ တရားတော်/ကို ဟောပြောကြ၏။ သခင်ဘုရား/သည်လည်း သူတို့/နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့/ဟောပြောသော/တရားတော် မှန်ကန်ကြောင်း/ကိုလည်း နိမိတ်/လက္ခဏာများ/ဖြင့် သက်သေပြတော်မူ၏။d
ရှင်မာကု/ခရစ်ဝင်ကျမ်း ပြီးပါပြီ။